သေဆုံးလျက်ရှိသော အသင်းတော်များအတွက် မျှော်လင့်ချက်။

အမေရိကန်မှာ တစ်နှစ်ကို အသင်းတော် ၆ ထောင်မှ ၁ သောင်းကြား သေဆုံး ပြီး တစ်ပတ်လျှင် အပါးပေါင်း ၁၀၀ မှ ၂၀၀ ပိတ်သိမ်းရလျှက်ရှိသည့် တွေ့ရှိချက်ကို Life Way မှ Thom S. Rainer က ၂၀၁၈ ဇန်န၀ါရီ ၁၆ ရက် သုတေသန အရ အဆိုပြုခဲ့သည်။

လွန်ခဲ့သော နှစ် ပေါင်း ၃၀ မှ စ၍ အသင်းတော် တိုးပွားခြင်းသည် အမေရိကန်တွင် ဆုတ်ယုတ်လျက်ရှိသည်။

အချို့ကပြောသည် အမေရိကန်သည် လူ့အခွင့်အရေးကို ဦးစားပေးလွန်သည့်အတွက်ဟုဆိုကြသည်။ အမှန်စင်စစ်၊

၁။ အသင်းတော်များသည် ဧ၀ံဂေလိကို ဒုတိယနေရာတွင်ထားရှိခြင်း။
၂။ တပည့်တော်ဖြစ်ခြင်း (Discipleship) ကို မလုပ်ဆောင်ခြင်း။
၃။ တစ်ဦးချင်း၏ ယုံကြည်မှု၊ သစ္စာရှိမှု အားနည်းခြင်း
စသည်တို့ကို တွေ့ရသည်။

အသင်းတော်များသည် အထူးဖြင့် ရောင်းစားခြင်း၊ ငှါးရမ်းခြင်းကို ပြုလုပ်ကြရတော့သည်။ အများစုသည် စားသောက်ဆိုင်၊ ဟိုတယ် ဖြစ်ပြီး ထိုအထဲတွင် အများဆုံးမှာ ဗလီများဖြစ်သွားသည်။
ထိုအရာများကို ကာကွယ် ကုသရန်အတွက် Thom Rainer အကြုံပြုထားသည်မှာ။

၁။ အသင်းတော်ရှိရခြင်း ကနဦး ရည်ရွယ်ချက်ကို ပြန်အမှတ်ရရန်။

  • ·         အသင်းတော် အများစုတွင် ကျမ်းစာသင်ကြားခြင်း လုံးဝမရှိတော့ဘဲ၊ အသင်းတော်တည်ရှိရခြင်း သမ္မာကျမ်းအခြေခံကို မသင်ပေးသည်မှာ နှစ် ၅၀ ခန့်ရှိနေပြီဖြစ်သည်။

  • ·         အသင်းတော်သည် အချင်းချင်း မိဿဟာယ ဖွဲ့ရန်။ တည်ဆောက်ရန်၊ အားပေးရန်။ နှုတ်ကပတ်တော် ဝေမျှရန်၊ မိမိ အိမ်နီးခြင်းအတွက်၊ တိုင်းပြည်အတွက် ကောင်းကြီးဖြစ်စေရန် သတင်းကောင်းဝေမျှရန် ဖြစ်သည်။


၂။ ယုံကြည်သူတို့သည် ဆုတောင်းသော အသက်တာ ဖြစ်ရမည်။

  • ·         အသင်းတော်တွင် လုပ်ဆောင်သမျှအား မိမိ အစွမ်းအစဖြင့် လုပ်လွန်းသည့်အခါ ဆုတောင်းအားနည်းတတ်သည်။

  • ·         ဆုတောင်းခြင်းသည် တစ်ဦးချင်း အသက်တာသာမကဘဲ အချင်းချင်းအတွက်လည်း ဖြစ်ရမည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်မှု မ၀င်မှုသည် ဆုတောင်းခြင်းအသက်တာအားဖြင့် သိရမည် ဖြစ်သည်။

၃။ အသင်းတော်၏ ထုံးတမ်း၊ အစဉ်အလာကို ပြောင်းသင့်လျှင် ပြောင်းရမည်။

  • ·         နှုတ်ကပတ်တော်သည် ဘယ်တော့မှ မပြောင်းလဲ၊ ယေရှုကလွဲ၍ အခြားလမ်းမရှိ။

  • ·         သို့သော် ကျွန်ုပ်တို့ထုံးတမ်းတို့သည် လွန်ခဲ့သော ၇၅ နှစ်က နည်းလမ်းအတိုင်းသာဆိုလျှင်တိုးတက်လာသော ခေတ်တွင် သေဆုံးသွားမည်ဖြစ်သည်။

·
         မည်သည့် နည်းလမ်းကို သုံးနေပါစေ၊ နံပတ် ၁ ဖြစ်သည် အသင်းတော်၏ သမ္မာကျမ်း အခြေခံကို ဦးတည်ရမည်ဖြစ်သည်။

၎။ အသင်းတော်သည် တပည့်တော်ဖြစ်ခြင်းနှင့် ဧ၀ံဂေလိကို ဦးတည်ရမည်။

၅။ အသင်းတော်သည် အသင်းတော်အတွင်း လုပ်ငန်းများထွက် ပြင်ပတွင်ရှိသော လူတို့ထံ နှုတ်ကပတ်တော် ရောက်ရှိရန် ဦးတည်ရမည်။
-
ဤ (၅) ချက်ကို Thom Rainer က တင်ပြထားပါသည်။
-
မြန်မာနိုင်ငံရှိအသင်းတော်များအတွက် သင်ခန်းစာ
-
မြန်မာနိုင်ငံတွင်၊ လဟာပြင် ဟောပြောပွဲများ ခေတ်စားလာသည်။ တပည့်တော် ဖြစ်သင်တန်းများ လည်း ခေတ်စားနေဆဲဖြစ်သည်။ Praise and Worship Trend သည်လည်း ရေပန်းစားနေဆဲဖြစ်ပြီး အမေရိကန်၊ နိုင်ငံခြား သွားမှ အောင်မြင်သည်ဟူသော အတွေးခေါ်လည်း မပျောက်သေးပေ။
-
မြန်မာနိုင်ငံတွင် Life Way ကဲ့သို့သော အသင်းတော်ဆိုင်ရာအတွက် သုတေသန ဌာနမရှိပေ။ ရှိနေသော Judson Research Center သည်လည်း အသင်းတော် တိုးပွား၊ တိုးတက်၊ ဧ၀ံဂေလိဘက် မဟုတ်ပေ။
ကျမ်းစာကျောင်းများသည် သုတေသနမလုပ်၊ ဘွဲ့ရဖို့သာ ကျောင်းတက်ကြသည်။ 

သာသနာပြုကျောင်းများသည် သာသနာပြုနည်းထက် တရားဟောနည်းကို သင်ကြားသည်။ တပည့်တော်ဖြစ်သင်တန်း ၃ လ ၆ လ ပြီးလျှင် တက်ရောက်ခဲ့ပြီး သူတို့သည် တပည့်တော် ဖြစ်လာသည်ထက် ဆရာတော်များ ဖြစ်လာကြသည်။

လဟာပြင်ဟောပြောပွဲများကို သိန်း ထောင်ချီ ကုန်ကျ၍ လုပ်ဆောင်ကြသည်။ မိမိအသင်းတော်အတွင်း၊ အသင်းချုပ် အစီအစဉ်အတွင်းအတွက် သီးသန့်လုပ်သူတို့သည်လည်း Biology Growth ကိုသာ ဦးစားပေးကြသည်။

FB ကို ဘ၀ မထင်မှတ်သင့်သော်လည်း ဘ၀တစ်ခု ဖြစ်လာပြီး စာရေးတင်တတ်သူတို့သည် မိမိတို့၏ အယူဝါဒ၊ ကျမ်းစာမည်မျှ သိသည်ကိုသာ တင်ပြကြရင်း၊ ငြင်းခုံကြရင်းဖြင့် သိုင်းလောက သဖွယ်ဖြစ်နေသည်။
-
ပြည်တွင်း ပဋိပက္ခသည် အသင်းတော်သို့ လူကို ပို့စေနိုင်သကဲ့သို့ အသင်းတော်သို့ လူလာရန်လည်း အဟန့်အတားဖြစ်စေသည်။ ဥပမာ ကချင်နှင့် ရှမ်းမြောက် တွင် လူအများစုသည် အသင်းတော်များနှင့် နီးစက်ရင်း ခရစ်တော်ကို ရရှိကြသည်။ သို့သော် ရခိုင်နှင့် ရှမ်းအရှေ့သည် ထိုသို့မဟုတ်။

ထိုသို့သာမက မြန်မာပြည် တောင်အရှေ့ခြမ်းသည် မတိုးတက်သကဲ့သို့ ဆုတ်ယုတ်ခြင်းလည်း မရှိပြန်။
မည်သို့ပြင် မည်သည့် အခင်းအကျင်းပဲရှိရှိ၊ နောင် ၁၀ နှစ်အတွင်း အသင်းတော်သည် 

ဤအခြေအနေတိုင်းသာသွားလျှင် အဆောက်အဦး လှပ၍၊ ကြီးမားသော အသင်းတော်ကြီးများသည် ပိတ်ပင်ရမည့် အခြေအနေရောက်ပေလိမ့်မည်။

ကချင်ဒေသတွင် ၂၀၁၈ နိုဝင်ဘာအထိ စာရင်းအရ ၂၀၁၁ ခုနှစ်မှ စတင်သော ပဋိပက္ခကြောင်း ဘုရားကျောင်း ပေါင်း ၂၇၂ ကျောင်း ပျက်ဆီးခဲ့ပြီး အများစုသည် ပိတ်ထားလျက်ရှိသည်။ ထိုကဲ့သို့မျိုး မဟုတ်ဘဲ၊ မြို့ကြီးပြကြီးရှိ အသင်းတော် အဆောက်အဦး အကြီးပိုင်းသည် မကြာခင် ပြတိုက်သဖွယ်သာသာ ရှိလာမည်။ ဘုရားကျောင်း ပုံမှန် တက်သူပင် ယခင်က ၅၀၀ ရှိသည့် အသင်းတော်သည် ၅၀ ခန့်သာရှိပေလိမ့်မည်။ ထို ၅၀ ခန့်တွင် ၉၀% သည် အသက် ၄၀ ၀န်းကျင်နှင့် အိမ်ထောင်ကျပြီးနောက်ပိုင်းသာ ဖြစ်ပေလိမ့်မည်။

-

မည်ကဲ့သို့ ကုစားရမည်နည်း။


  1. ၁။ ဆုတောင်းပါ။
  2. ၂။ ဆုတောင်းပါ။
  3. ၃။ ဆုတောင်းပါ။

(ဆက်လက်ဖော်ပြပါမည်)။
အာမင်။
-
ကိုးကား။

အသင်းတော် ဓမ္မကျောာင်း (Sunday School) အကြောင်း အကျဉ်း။

Sunday school, Manzanar War Relocation Center, 1943. Photographed by Ansel Adams
Sunday School ပုံ

Sunday School နေ့ အကြောင်း အကျဉ်း။

ကလေးသူငယ်များ နေ့ကို ဖတ်ရှုလိုပါက။
အသင်းတော် ဓမ္မပညာကျောင်း နေ့နဲ့ ကလေးသူငယ်များ နေ့ကို အချို့က တစ်ပါးတည်း ပုံစံကျင်းပလာကြတယ်။ သို့မဟုတ် အချို့ အတူတူလို့ ထင်ကြတယ်။
Sunday School နေ့ ကို အထူးသဖြင့် စက်တင်ဘာ မှာ ကျင်းပလေ့ရှိပြီး၊ ကလေးသူငယ်များနေ့ကိုတော့ ဇွန်လမှ ကျင်းပပါတယ်။
-
Sunday School ကို Sabbath School လို့လည်း ခေါ်ကြတယ်။ စနေအသင်းတော်ကတော့ အခြားနေ့မှာလည်း ဒီလို လှုပ်ရှားမှုကို လုပ်လို့ Sunday School ဆိုတာကို မသုံးဘဲ၊ Church School လို့ သုံးပါတယ်။ တစ်ချို့သော အသင်းတော်များကတော့ Sabbath School လို့ခေါ်ပါတယ်။ Church School/Sunday School Movement က ၁၈ ရာစုကတည်းက စတင်ခဲ့တာဖြစ်တယ်။
-
ဘာသာခြား (ဗုဒ္ဓဘာသာ) မှာ ဓမ္မစကူးလ် ဆိုတော့ မြန်မာပိုဆန်သွားပါတယ်။
-
တစ်ချို့သော အသင်းတော်တွေက ဓမ္မပညာကျောင်း၊ အသင်းတော် ဓမ္မပညာကျောင်းနေ့လို့ ခေါ်ကြတယ်။
-
ကနဦး စတင်မှု
-
Robert Raikes and Thomas Stock တို့ နှစ်ဦးက စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်။ အင်္ဂလန် နိုင်ငံ၊ Gloucester က အသင်းတော် ပြင်ပမှာရှိသော ကလေးသူငယ်များ၊ မရှိဆင်းရဲသူများ၊ မိဘမဲ့များအတွက် ၁၇၈၀ ကနေ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ [1]

အသင်းတော် ဓမ္မကျောင်းမှာ သင်္ချာ၊ စာရေး၊ စာဖတ်၊ ပုံစွဲ၊ ခရစ်တော်အကြောင်း၊ နဲ့ နိုင်ငံ့သားကောင်း ဘာသာရပ်တွေကို အခမဲ့သင်ကြားပေးပြီး၊ စာရေးကိရိယာတွေကိုပါ ပံ့ပိုးခြင်းနဲ့ စခဲ့တာဖြစ်တယ်။
၁၈၀၀ ပြည့်နှစ်ရောက်လာတဲ့အခါ တက်ရောက်သူ ကလေးသူငယ်များဦးရေ ၂ သိန်းခန့်ရှိလာပြီး၊ ၁၈၅၀ မှာ သန်း ၂၀ ခန့် အထိ အောင်မြင်လာခဲ့ပါတယ်။

အမေရိကန် နိုင်ငံမှာဆိုရင် - ၁၈၂၄ ကတည်း စတင်ခဲ့ပြီး၊ နောက် ၁၀၀ နှစ် အတွင်း အသင်းတော် ဧ၀ံဂေလိ၊ သာသနာ လုပ်ငန်း၏ အဓိက အောင်မြင်မှု လုပ်ငန်း လည်း ဖြစ်လာခဲ့ပါတယ်။ [2]

-
ကိုးကားချက်များ -
[2] -

ကလေးသူငယ်များနေ့



ခရစ်ယာန် အသင်းတော် အသီးသီးသည် June လ ဒုတိယ ပတ် တနင်္ဂနွေနေ့ကို ကလေးများ နေ့၊ ဥပုသ်စာဖြေ နေ့အဖြစ် ကျင်းပကြသည်။ ဤစာစုတွင် ဖြစ်ပေါ်လာသည့် သမိုင်း၊ ကျင်းပရခြင်းရည်ရွယ်ချက်နှင့်၊ လောကီ၊ လောကုတ္တရာ ဗဟုသုတများကို အကျဉ်းဖော်ပြပါမည်။
-
ကနဦး ဖြစ်ထွန်းခြင်း
-
ကနဦး မှတ်တမ်းတင်ထားသည့် သက္ကရာဇ်မှာ ၁၈၅၆ ဖြစ်သည်။ မက်ဆာချူးဆက် ပြည်နယ်မှ Universalist Church of the Redeemer ၏ သင်းအုပ် ဆရာ၊ သိက္ခာတော်ရ ဒေါက်တာ Charles Leonard သည် ၁၈၅၆ ခုနှစ် ဇွန်လ ၏ ဒုတိယပတ် တနင်္ဂနွေကို ကလေး (သူငယ်) များအား ဂုဏ်ပြုသည့်နေ့ကို စတင်၍ ထူးခြားစွာ ကျင်းပခဲ့သည်။ ထို့နေ့ကို ဆရာတော်က Rose Day (နှင်းဆီနေ့) ဟု ခေါ်ဆိုခဲ့သည်။ [1] မက်သဒစ် Episcopal အသင်းတော်မှလည်း မက်သဒစ် နိုင်ငံပေါင်းစုံ အစည်းအဝေးတွင် ဇွန်လ ဒုတိယ ပတ်၊ တနင်္ဂနွေကို ကလေး (သူငယ်) များ နေ့အဖြစ် နှစ်စဉ် ကျင်းပ သတ်မှတ်ရန် အတွက် ၁၈၆၈ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးတွင် ပြန်လည် ဆွေးနွေး အကြံပြုခဲ့ကြသည်။ [2] Presbyterian အသင်းတော် ဌာနချုပ်မှလည်း၊ ၁၈၈၃ ခုနှစ် မှစ၍ ဇွန်လ ဒုတိယပတ် ဥပုသ်တော်နေ့ (တနင်္ဂနွေ) နေ့ကို ကလေး (သူငယ်) များနေ့အဖြစ် စတင် ကျင်းပရန်အတွက် လုပ်ဆောင်လာခဲ့သည်။ [3] အမေရိကန်နိုင်ငံ ရှိ National Council of Congregational Churches ရှိ အဖွဲ့ဝင် အသင်းတော်များ နှင့် တပြည်လုံးရှိ ဂိုဏ်းဂန အသီးသီးတို့သည် ကလေးများနေ့ကို ကျင်းပရန်နှင့် ရှိသင့်ရှိထိုက်ကြောင်း တူညီသော အကြုံပြုဆွေးနွေးမှုများကို ၁၈၈၃ ခုနှစ်တွင် ရရှိခဲ့သည်။ [4]
နာမည်ကြီး သတင်းစာတိုက်ဖြစ်သော New York Times မှ ကလေး(သူငယ်) များနေ့ ဆောင်းပါးကို ရေးသား ထုတ်ဝေသည့် ဇွန် ၁၀၊ ၁၈၉၅ တွင် ကမ္ဘာအနှံ့ရှိ အသင်းတော် အသီးသီးတွင် ကျင်းပနေပြီးဖြစ်သည်။ ကမ္ဘာ့ ကလေးများနေ့၊ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့၊ UNCRC (ကလေးသူငယ် အခွင့်အရေး) နေ့ ဆိုသည့် နေ့ရက်များ၏ သန္ဓေတည်ရာလည်း ဖြစ်လာခဲ့သည်။
-
{မှတ်ချက်။{Child ဆိုရာတွင် ကလေး ဟု ဖြစ်သော်လည်း မြန်မာစကားလုံးတွင် သူငယ် ထည့်ရခြင်းမှာ ကလေး အခွင့်အရေး စာချုပ်တွင် ၁၈ နှစ်အောက်သည် ကလေး ဖြစ်သော်လည်း၊ မြန်မာ့ ကလေးဥပဒေ အရ အသက် ၁၆ နှစ်သာ ကလေးဖြစ်သည်။ ထို့အတွက် ၁၈ နှစ်အောက်ကို လွှမ်းခြုံစေရ Child ဟု ဆိုတိုင်း ကလေးသူငယ် ဟု မြန်မာ စကားလုံးအရ အသုံးပြုခြင်းဖြစ်သည်။ (မြန်မာ့ ကလေးသူငယ် ဥပဒေ၊ ပြင်ဆင် ပြီးလျှင်တော့ အသုံးအနှုန်း ပြောင်းလာမည်လား မပြောတတ်ပေ)။}}
-
သမ္မာကျမ်းစာ ရှုထောင့်ရှိ ကလေး (သူငယ်) များ
ဓမ္မဟောင်း -
ဘုရားသခင်၏ ပထမဆုံး ပညတ်ချက်မှာ - (ကမ္ဘာ ၁.၂၈) များပြားစွာ မွေးဖွားရန်ဖြစ်သည်။ အဓိက ဆိုလိုသည်မှာ ကလေး များ၊ များများ ရှိနေရန် ကမ္ဘာဦးကတည်း ဘုရားသခင် နှစ်သက်သည်၊ အလိုတော်ရှိသည်။ အိုသော်အခါ၊ 4/14 windows movement သည် အသက်ကြီးသည်ထက် ကလေးများကို ဦးတည်ရခြင်းမှာ၊ သုတ္တံ ၂၂.၆ နှင့် သဘောတူညီသည်။ ထို သုတ္တံကို ကလေးများအရေး နှင့် နောင် အရေး ကို ဂရုစိုက်တတ်သော အဖေစိတ်ထားရှိသော သုတ္တံဆရာက ရေးသားထားခြင်းဖြစ်သည်။ ဆာလံ ၁၂၇ တွင်လည်း၊ သားသမီးများသည် ဘုရားသခင်၏ ကောင်းကြီးဟု ဖော်ပြထားသည်။ ဟေရှာယ ၁၁.၆ တွင် တည်ငြိမ်အေးချမ်းခြင်းကို ကလေးသူငယ်နှင့် တောရိုင်းများ အတူတကွ သွားလာခြင်းဖြင့် ဖော်ပြထားသည်။ ဓမ္မဟောင်းတွင် ဥစ္စာ ဓနထက် သားသမီးမြင်ခြင်းကို ကောင်းကြီးအဖြစ် ရှုမြင်လေသည်။ လွန်စွာ အရေးကြီးသော အခန်းကဏ္ဍ အဖြစ် မြင်တွေ့ရသည်။ ယောသပ်မှာ ငယ်စဉ်ကတည်းက အိပ်မက် မက်သူ (Dreamers) ဖြစ်သည်။ ရှမွေလသည် ငယ်စဉ်ကတည်းက ဘုရားသခင်အသံတော်ကို ကြားသည်။ ဒါဝိဒ်သည် ငယ်စဉ်ကတည်းက တောခွေး၊ နှင့် ၀ံတို့ရန်မှ သိုးတို့ကာကွယ်ပြီး၊ နိုင်ငံရန် ဂေါလျက်ကို သုတ်သင်ခဲ့သည်။ ယောရှိသည် အသက် ၈ နှစ်တွင် နန်းတက်ရုံသာမက ပျောက်ဆုံးနေသော ကျမ်းစာလိပ် (Torah, Deuteronomy) ကို ပြန်လည် တွေ့ရှိသူဖြစ်သည်။
-
ဓမ္မသစ် -
လုကာ ၁၈.၁၆-၁၇ တွင် ယေရှုကိုတိုင်က ကလေးများကို ကြိုဆိုကြောင်း။ ကလေးများကို အသုံးပြု၍ အသက်ကြီးသူတို့အား သွန်သင်ပြသရန်အတွက် သင်ထောက်ကူ အဖြစ်အသုံးပြုကြောင်းကို တွေ့ရသည်။ မုန့်ငါးလုံးနှင့် ငါး ၂ ကောင် ပေးသူမှာ ကလေးဖြစ်သည်။ ပေတရုထောင်က လွတ်ရာတွင် ဦးဆုံး မြင်သူမှာ ရိုဒေ (Rody) ဆိုသည့် ကလေးမဖြစ်သည်။ ဧဖက် ၆.၁-၃ တွင် ဧဖက် အသင်းတော်ရှိ ကလေးများသည် ပြည်တော် ကောင်းစားရန်အတွက် ပေါလုမှ ခွန်အားပေးထားသည်။ ပေါလုသည် ကလေးများကို လူမဖြစ်သေး၊ အရေးမပါ သူများဟု မမြင်ပါ။ နက်နဲသော၊ အရေးကြီးသည် သွန်သင်မှုများကို သွန်သင်ပေး၍ ရသော ကလေးများဟု ရှုမြင်ပါသည်။
-
ကလေး (သူငယ်) များနေ့ ကျင်းပရခြင်း အကြောင်း
-
ဖွားမြင်သော ကလေးတိုင်းသည် ပျောက်ဆုံးသော ၀ိညာဉ် များဖြစ်သည်။ သူတို့သည် အနာဂါတ် ဖြစ်သည်။ သူတို့ ငယ်စဉ်ကတည်းက လမ်းကို တည့်မတ်စွာပြလျှင်၊ ကြီးသောအခါ လမ်းမလွဲတော့ပေ။ ထိုလမ်းများတွင် သမ္မာတရားလမ်းသည် အရေးကြီးဆုံးဖြစ်၍ အသင်းတော်တွင် ကလေး (သူငယ်) များနေ့ ဟူ၍ ပုံစံ အမျိုးမျိုးဖြင့် ကျင်းပ ခဲ့ကြခြင်း၊ ကျင်းပနေကြခြင်းဖြစ်ပေသည်။
-
အထွေထွေ ဗဟုသုတ -
အလယ်ခေတ်တွင် ကလေးသူငယ်များကို "small-adults" သေးနုတ်သော အရွယ်များ ဟု သတ်မှတ်သည်။ ပြင်သစ်နိုင်ငံသည် ဦးစွာ ကလေးသူငယ် အခွင့်အရေးကို ဥပဒေမှတ်တမ်းအဖြစ်ထားရှိသည်ကို တွေ့ရသည်။ ၁၈၈၁ ပြင်သစ်ဥပဒေတွင် ကလေးသူငယ်တိုင်း ပညာသင်ခွင့်ကို ဖော်ပြထားသည်။
-
၁၈၅၀ ၀န်းကျင်ကတည်းက အသင်းတော်များတွင် ကလေးသူငယ်များနေ့ ကို ကျင်းပပြီးနေပြီးဖြစ်သည်။
-
ကလေးများနေ့ကို အစိုးရ ရုံးပိတ်ရက်၊ ပြည်သူ့ အားလပ်ရက်အဖြစ် ပထမဆုံး သတ်မှတ်သည့် နိုင်ငံမှာ တူရကီ နိုင်ငံဖြစ်သည်။ ၁၉၂၉၊ ဧပြီလ ၂၃ ရက်နေ့မှ စတင် ကျင့်သုံးသည်။
-
၁၉၁၉ တွင် နိုင်ငံပေါင်းချုပ် အသင်းကြီးမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကော်မတီကို ဖွဲ့ရန် စတင်လာခဲ့သည်။ ထိုမှ ၁၉၂၄ စက်တင်ဘာ ၁၆ တွင် ကလေးသူငယ် အခွင့်ရေးဆိုင်ရာ ကြေငြာစာတမ်းကို နိုင်ငံပေါင်းချုပ် အသင်းကြီးမှ ထုတ်ပြန် ကြေငြာသည်။
-
၁၉၂၅ သြဂုတ်လတွင်၊ နိုင်ငံပေါင်း ၅၄ နိုင်ငံ သည် ဂျနီဗာ စုစည်း၍ ကလေးသူငယ်များအတွက် အကောင်းဆုံး အကျိုးစီးပွား၊ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာကို ဆွေးနွေးပြီး ကြေငြာစာတမ်းဖြစ်ပေါ်လာသည်။
-
ဒုတိယ ကမ္ဘာစစ် ပြီးသည့်အခါ ကမ္ဘာ့ကုလသမဂ္ဂ ဖြစ်ပေါ်လာပြီး၊ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေငြာစာတမ်း ထွက်ရှိလာသည်။
-
အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ (Universal Children's Day )
၁၉၅၄ နိုဝင်ဘာ ၂၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေး ပဋိညာဉ်စာတမ်းကို အတည်ပြုသော နေ့ ဖြစ်သော ကြောင့် ဖြစ်သည်။ နှစ်စဉ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကလေးသူငယ် အခွင့်အရေး မြှင့်တင် ကာကွယ်ခြင်း အဖြစ် ထိုနေ့ကို အထူးအထိန်းအမှတ်ပွဲအဖြစ် ကျင်းပသည်။
-
နိုင်ငံတကာ ကလေးသူငယ်များ နေ့ (International Children's Day)
၁၉၂၅၊ ဂျနီဗာမှ အတည်ပြုသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း နေ့အဖြစ် နှစ်စဉ် ဒီဇင်ဘာ ဒုတိယ တနင်္ဂနွေကို နိုင်ငံ အချို့တွင် ကျင်းပသည်။ လူ့ အခွင့်အရေးနေ့အဖြစ်လည်း ပူးတွဲ ကျင်းပကြသည်။
-
ကမ္ဘာ့ကလေးသူငယ်များနေ့ (World Children's Day)
အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ကို ကမ္ဘာ့ကလေးသူငယ်များနေ့ အဖြစ် ၂၀၀၂ နိုင်ဝင်ဘာ ၂၀ ရက်နေ့တွင် စတင်ကျင်းပပြီး ယခုတွင် နိုင်ငံပေါင်း ၁၀၀ ကျော်ခန့်တွင် ကျင်းပလျက်ရှိသည်။
-
ကလေးသူငယ် အခွင့်အရေးနှင့် မြန်မာနိုင်ငံ ကလေးသူငယ ဥပဒေ အကြောင်း အကျဉ်းကို ပုံဖြင့်တင်ထာပါသည်။ (သိက္ခာတော်ရ ဆရာမ ဒေါ်လျန်ရှန်ကျင်း၏၊ ကျန်းမာသော မိသားစု စာအုပ်မှ)။
-







-
ကိုးကားချက်များ -
-
[2] McFarland, John T. (1915). “Children’s Day”. The Encyclopedia of Sunday School and Religious Education, vol. 1. New York: Thomas Nelson & Sons. 238. Retrieved on 2008-03-03.
-
[3] Moorehead, James H. (Spring/Summer 2005). “Our Documentary History: Children’s Sunday in the Presbyterian Church“. The Journal of Presbyterian History 83 (1):85.
-
[4] McFarland, The Encyclopedia of Sunday School and Religious Education, vol. 1., p. 238.
သိက္ခာတော်ရ ဆရာမ ဒေါ်လျန်ရှန်ကျင်း၊ ကျန်းမာသော မိသားစု။

http://www.humanium.org/en/childrens-rights-history/

ယောဟန် ၁၅= မှန်သော စပျစ်နွယ်ပင်အား ရှုထောင့် ပြောင်းလေ့လာခြင်း။

ယောဟန် ၁၅ မှ မှန်သော စပျစ်နွယ်ပင်အား ရှုထောင့် ပြောင်းလေ့လာခြင်း။
-
ယေရှု ခရစ်တော် က
"ငါသည်" "I AM" လို့ (သူ၏ ဖြစ်ခြင်း) ဖော်ပြခြင်းကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ
 ဖော်ပြခြင်း ၇ မျိုး အဖြစ် တွေ့ရတယ်။
 ယောဟန် ၈.၅၈ ဖော်ပြခြင်း နဲ့ ဆို ၈ ခု လို့ ပြောလို့ ရပါတယ်။

၁။ ယောဟန် ၆.၃၅၊ ၄၈။ ယေရှုကလည်း၊ ငါသည် အသက်မုန့် ဖြစ်၏။

၂။ ယောဟန် ၈.၁၂၊ ၉.၅။ ယေရှုက၊ ငါသည် ဤ လောက၏ အလင်းဖြစ်၏။

??။ ယောဟန် ၈.၅၈။ အာဗြဟံ မဖြစ်မှီ ငါ ဖြစ်၏။

၃။ ယောဟန် ၁၀.၉။ ငါသည် တံခါးဝ ဖြစ်၏။

၎။ ယောဟန် ၁၀.၁၁။ ငါသည် ကောင်းသော သိုးထိန်းလည်း ဖြစ်၏။

၅။ ယောဟန် ၁၁.၂၅။ ယေရှုကလည်း ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်အကြောင်း
လည်းဖြစ်၏။

၆။ ယောဟန် ၁၄.၆။ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။

၇။ ယောဟန် ၁၅.၁။ ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်၏။
-
ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်၏။ ဆိုတာဟာ ရှင်ယောဟန် ခရစ်ဝင်ထဲမှာ တွေ့ရသော ယေရှု၏ မိမိကိုယ်ကို ဖော်ပြခြင်း တွေထဲက နောက်ဆုံးတစ်ခု ဖြစ်တယ်။
-
ဓမ္မဟောင်းထဲမှာ စပျစ်ဥယျဉ်၊ စပျစ်ပင်၊ စတာတွေကို အသုံးပြုတဲ့အခါ ဣသရေလ လူမျိုး၊ နိုင်ငံကို ပုံဆောင်ပြီး ပြောပါတယ်။ ကောင်းမွန်သော ပုံဆောင်ခြင်းထက်၊ အနှုတ်လက္ခဏာဆောင်သော ပုံဆောင်မှုတွေ အဖြစ်တွေ့ရတယ်။

ဥပမာ -

၁။ ဆာလံ ၈၀.၈-၁၀။
၂။ ဟေရှာယ ၅.၁-၆။
၃။ ယေရမိ ၂.၂၁။
-
ယေရှုက ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်သည် လို့ ဆိုရာမှာ မမှန်သော အရာ ရှိလို့ ဖြစ်တယ်။ ဣသရေလတွေရဲ့ လူမျိုးစွဲခြင်းကို ဆုံးမတဲ့သဘောလည်းဖြစ်တယ်။ လူမျိုးအပေါ်မှာ တည်ပြီး အသက်ရှင်သည်ထက်၊ မှန်သော စပျစ်နွယ်ပင်ဖြစ်တဲ့ ခရစ်တော်သာ မှီတည်ရန် ပြောခြင်း ဖြစ်တယ်။
-
စပျစ်စိုက်နည်းတွေကို ပုံတွေမှာ ဖော်ပြထားတယ်။ အကျဉ်းရှင်းပြခြင်းကိုလည်း ဖော်ပြထားပါတယ်။
-
ယောဟန် ၁၅.၁-၂

ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏၊

ငါ့ခမည်းတော်သည်လည်း ဥယျဉ်စောင့်ဖြစ်တော်မူ၏။

ငါအသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။

အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင် ရှင်းလင်းတော်မူ၏။
-
ခရစ်တော်ထံ တည်နေလျှင် အသီးသီးမှာ ဖြစ်တယ်။ အသီးမသီးတဲ့ အခက်ကို ခုတ်မှာဖြစ်တယ်။ ခုတ်တဲ့သူက ဥယျဉ်စောင့် ဟူသော ခမည်းတော် ဘုရားသခင်ဖြစ်တယ်။

အသီးသီး ရင်လည်း ခုတ်ထစ်၊ သုတ်သင် ရှင်းလင်း တာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာ၍ သီးစေဖို့ ဖြစ်တယ်။
-
စပျစ်တွေက ပင်စည်မှာ မသီးပါဘူး။ အကိုင်းခက်မှာ ပဲသီးတယ်။
ပင်စည်က နေ အကိုင်း အခက် (အနွယ်) တွေ ထွက်လာတိုင်း ပင်စည်က ထွားလာပြီး ရှည်လာတယ်။

(တစ်ပုံချင်းလေ့လာရင် ပိုရှင်းသွားမှာဖြစ်ပါတယ်)။

စပျစ် ပင်စည်နဲ့ အကိုင်း ပုံ

အကိုင်းမှာ အသီးသီးပုံ

အချို့ သော ကိုင်းကို ခုတ်၍ ပြန်စိုက်နိုင်သည်

ပင်စည် တည့်တည့်ဖြင့် မသွားဘဲ ဖြာထွက်လျှင် ခုတ်ဖြတ်သည်။ အနွယ်သည် အပေါ်သို့ တက်ရန် ဥယျဉ်မှူးမှ ဆောင်ရွက်ရသည်။

ဘေးမှ အကိုင်းများကို ခုတ်ထစ်၍ စတင် စိုက်ပျိုးသော အပင်

အသီးအနည်းငယ်စသီးသော အပင်

ထိပ်တွင် ၂ ကိုင်းသာထား၍ သီးရန် စောင့်သည်။

သီးသော ရာသီတွင် အကိုင်း များစွာဖြင့် အသီးများ သီးလာသည်။

ထို ရာသီချိန် လွန်သည့် အခါ ဥယျဉ်မှူးမှ သာ၍ သီးစေ၇န်အတွက် အခြားသော အကိုင်းများကို ခုတ်ရသည်။
(အပြာ ရောင် အကိုင်းသာ ချန်ထားသည်။) 

ထိုကဲ့သို့ ကျန် အကိုင်း အခက်များကို ခုတ်ထစ်ပြီးတိုင်း ပင်စည်သည် ကြီးထွားလာသည်။

နောက်ထပ် အသီးသီးသော ရာသီပြီး ချိန်တွင် အသီးများ သီးပြီးချိန်တွင် ဥယျဉ်မှူးသည်
၂ ကိုင်းသာ ထား၍ အသီး သီးစေရန် ကျန်သော အကိုင်းများကို ခုတ်ပြန်သည်။

ပင်စည် သာ၍ ကြီးလာပုံ

ဘေးမှ ဖျာထွက် သမျှ အကိုင်းများကို မခုတ်တော့ဘဲ အသီးသီးသော အကိုင်း ၂ ကိုင်းမှ
အောက်စိုက် သော နွယ်ကိုင်းများကို ပြင်ဆင်ပုံ။


တစ်ရာသီ အပြီးတွင်လည်း မလိုသော အကိုင်းများ အခက်များကို ခုတ်ထစ်ပုံ

ပင်စည် သာ၍ ကြီးလာပုံ

စပျစ်ပင်စည်သည် ၅ ပေမှ ၆ ပေ အထိ ရှိလာပုံ

၅ ပေမှ ၆ ပေ ထိ ရှိသော သော စပျစ်များကို အောက်စိုက် မသီးစေတော့ဘဲ
အထက်သို့သာ ဥယျဉ်မှူးကသီးစေသည်။


ပင်စည် ကြီးလွန်းသဖြင့် ဒုတ်ဖြင့်စိုက်ထူရပုံ















အကိုင်းတွေ အရမ်းထွက်တာ များရင် အသီးတွေက သိပ်မသီးနိုင်ဘူး၊ ပြီးတော့ အသီး မသီးတဲ့ အကိုင်းရှိရင်လည်း ဘာမှ အကျိုးမရှိဘူး။ ဆိုတော့ ဥယျဉ်စောင့်က အသီးမသီးတဲ့ အကိုင်းကို ဖြတ်ပစ်တယ်။ ပိုမို သီးစေချင်လို့ သီးနေတဲ့ အကိုင်းကိုလည်း ခုတ်ပါတယ်။
-
အဓိက အသီးသီးပြီးတိုင်း၊ သာ၍ သီးဖို့ အကိုင်းတွေကို ခုတ်တယ်။ အကိုင်းခုတ်ပြီးတိုင်း သာ၍ သီးလာတိုင်း ပင်စည်က ထွားထွားလာပါတယ်။

ကျွန်တော်တို့ဘ၀မှာ အခုတ်ခံရတာ၊ ပုံသွင်းခံရတာ၊ ဆုံးမခံရတာ၊ ဆုံးရှုံးမှုတွေ ကြုံရတာဖြစ်ဖြစ်၊ ဘယ်လို အခြေအနေပဲ ကြုံကြုံ ပင်စည် ထွားဖို့ ခရစ်တော် တည်နေခြင်း အားကြီးဖို့၊ ဘုရားသခင် ဘုန်းတော် ထင်ရှားဖို့ပဲ ဖြစ်တယ်။
-
ဘုန်းတော် ခံစားသော အသက်တာက
ဘုန်းတော် မထင်ရှားစေဘူးဆိုရင်
ဘုန်းတော် ၀င်စားဖို့ ပဲဖြစ်တယ်။
-
ဘုရားသခင် ဘုန်းတော် ခံစားသော အသက်တာ သည် အမြဲ အဆင်ပြေနေသည်ကို မဆိုလို၊ သာ၍ သီးဖို့လည်း ခုတ်ထစ်ခံရတတ်တယ်။
အမြဲ အစဉ်ပြေခြင်းသည်၊ သာ၍ အသီးသီးခြင်းသည် ခရစ်ယာန် အသက်တာ၏ အကောင်းဆုံးသော အသက်ရှင်မှု မဟုတ်ဘဲ၊ ဘ၀တွင် အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးချိန်ဖြစ်စေ။
ချမ်းသာချိန်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ခရစ်တော် မြဲမြဲ တည်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်တယ်။
အဆင်ပြေသည်ဖြစ်စေ၊ ကြေကွဲသည်ဖြစ်စေ ဘုရားသခင် ဘုန်းတော်ကို ထင်ရှားစေဖို့ သာ ဖြစ်ရမှာဖြစ်တယ်။
ကနဦး ယုံကြည်သူတွေ ခြင်္သေ့စာ အကျွေးခံရတယ်။ ထို အကျွေးခံခြင်းသည် သူတို့၏ ယုံကြည်ခြင်း သစ္စာဖြင့် ခရစ်တော်ကို ကျောမခိုင်းဘဲ ဘုန်းတော် ထင်ရှားစေခြင်းပင်ဖြစ်တယ်။
မသေမချင်းတော့ ခရစ်ယာန်တို့သည် အခုတ်ခံ၊ ပုံသွင်းခံရဦးမည်ဖြစ်တယ်။
သာ၍ သီးဖို့ဖြစ်တယ်။
ဘုန်းတော် ၀င်စား ချိန်အထိ ဘုရားသခင်၏ ဘုန်းတော်ကို ခံစားရင်း ဘုန်းတော်ကို ထင်ရှားစေရမှာဖြစ်တယ်။
-
တစ်ချို့သော သူတွေ ချမ်းသာတယ်၊ ကြွယ်ဝတယ်၊ ပညာတတ်တယ်၊ သို့သော် ဘုန်းတော် မထင်ရှားစေရင် ဘုရားသခင် ဘုန်းတော်ကို မခံစား သဖြင့်၊ ဘုန်းတော် ၀င်စားဖို့ရန်သာ အသက်ရှင်ကြသည်။ ဘုန်းတော် ထင်ရှား ရန် မဟုတ်ကြပေ ဟု ထင်မှတ်ရမည်။
-
မိမိအသက်တာ သည် ဆင်းရဲသည်၊ ပညာမတတ်၊ မနိုးထဟု သူများက ပြောသော်လည်း အကြင်သူ၏ နှလုံးသားတွင် သစ္စာ ရှိရှိဖြင့် တည်ကြည်ခြင်း၊ ခရစ်တော်ကို ဆည်းကပ်ခြင်းသည်ပင် ဘုန်းတော် ထင်ရှားစေခြင်းအား အစပြုခြင်းဖြစ်သည်။ ထို ဘုန်းတော်ကို ထင်ရှားစေသော အသီးတို့ကို သာ၍ သီးရမည်ဖြစ်သည်။ မသီးလျှင်လည်း ပင်စည် တည်းဟူသော ခရစ်တော် ဆည်းကပ်ခြင်းအား ခိုင်မာစွာ ရှိနေလျှင်ပင်၊ ဘုရားဘုန်းတော် ခံစားခြင်းပင်ဖြစ်သည်။
-
ဘုရားဘုန်းတော် ခံစားတတ်ပါလျှင် ဘုန်းတော် ထင်ရှားလာသည်၊ 
(ဘုန်းတော်ထင်ရှားခြင်းသည် နာမည်ကြီး၊ အကောင်းစားဝတ်၊ ဆိုသည်ကိုမဆိုလို)။ 
ထိုအရာနှင့် မတိုင်း သင့်အသက်တာဖြင့် အခြားသူများ ခရစ်တော်ကို သိမြင်လာခြင်း၊ ဘုရားသခင်ကို နားလည်လာခြင်းသာဖြစ်သည်။

သေအောင် အလုပ်လုပ်ရမည်မဟုတ်၊ သေလောက်အောင် အမှုတော် ဆောင်ရွက်ရမည်မဟုတ်၊
သေသည် အထိ ဘုရားအတွက် အသက်ရှင်ရမည်၊ အမှုတော် ဆောင်ရွက်ရပါမည်။
ဘုန်းတော် ၀င်စားသည် အထိ ဘုန်းတော် ထင်ရှားရန် အသက်ရှင်ရပေမည်။

ထိုကဲ့သို့သောခွန်အားသည် ခရစ်တော်တည်းဟူသော မှန်သောစပျစ်နွယ်ပင်ကိုသာ ဆည်းကပ်ရမည်ဖြစ်သည်။

ကျေးဇူးတင်ပါသည်။

ရုသ၀တ္ထု။ အားလေ့လာခြင်း

ရုသ၀တ္ထု။ အားလေ့လာခြင်း

နောမိနှင့်ရုသ ရေးဆေးပန်းချီ

ရုသ၀တ္ထုသည် အမှန်တကယ်တွင် နောမိဘ၀ ရှုထောင့်မှ ရေးသားထားခြင်းဖြစ်သည်။ သူ့ဘ၀ကြုံရသည့် အဖြစ်အပျတ်များကို ဖော်ပြထားသည်။ သူ့အမျိုးသား၊ သားများ ဆုံးပါးခြင်းနှင့် လက်ဗလာနှင့် နေရင်းပြည်သို့ ပန်လာရခြင်းများ၊ သူမ၏ ဘုရားသခင် အကြောင်း၊ သူမ၏ သိပ် အမျိုးမတော်တော့သည့်၊ ရုသ ၏ အမျိုးသား ဗေဇ၊ နှင့် သူမသည် ရုသ မှ မြင်သော သား၊ မြေးအားဖြင့် ဘုရားသခင်၏ အကြည့် အရှုခံရပုံတို့ဖော်ပြထားသည်။ ရုသ သည်လည်း မောဘ အမျိုးဖြစ်သော်လည်း ယေရှု၏ အနွယ်တော်ဝင်ဖြစ်ရသည်။ အကယ်စင်စစ်၊ ရုသ၀တ္ထုသည် "God through the eyes of a woman" "အမျိုးသမီးရှုထောင့်မှ ဘုရားသခင်" အကြောင်း ကို တင်ဆက်ထားခြင်းဖြစ်လေသည်။




နောက်ခံ အကြောင်း။
နောမိ သည် ဘ၀ပျတ်၊ လင်ဆုံး၊ သားဆုံး၊ သွေးဆုံးသော အမျိုးသမီးအဖြစ်တွေ့ရသည်။ သို့သော် သူမအား ယောဘ (မ) ဟူ၍ ပြောစမှတ်ပြုကြသည်။ ယောဘထက် စာလျှင် လင်၊ သား မက၊ သွေးလည်း ဆုံး၊ မြေယာ လည်း ဆုံး၊ သူမ ဘ၀၏ အသက်ရှင်သန်မှုတောင် ဆုံးသည်ကို တွေ့ရသည်။ သို့သော် ထာဝရဘုရား သခင်ကို ကျောမခိုင်း၊ ဘုရားသခင်ကို မေးခွန်းမထုတ်၊ အပြစ်မတင်သည့် အသက်တာကို တွေ့ရမည်။ ဘုရားသခင်သည် သူမ အား ဆုံးမသော်လည်း၊ ချွေးမတို့ အသက်တာတွင် မရောက်စေလိုကြောင်း ကို တွေ့ရသည်။

ခုနှစ် (ကာလ အဖြစ်အပျတ်)
ရုသ၀တ္ထု ကို 1160-1100 BC ၀န်းကျင်တွင် ဖြစ်ပျတ်ခဲ့သည်။ အထူးသဖြင့် တရားသူကြီးများ ကာလ (ရုသ ၁.၁) တွင် တွေ့ရသည်။ ဖြစ်ပုံမှာ၊ ဣသရေလများသည် ဘုရားသခင် အလိုတော်ကို ပုန်ကန်တိုင်း၊ ဆိုးသွမ်းတိုင်း ဘုရားသခင် ဆုံးမတတ်သည်။ အစာခေါင်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်တတ်သည်။ ထို့အတွက် နောမိတို့ မိသားစုသည် မောဘပြည်သို့ ထွက်ခွာခြင်းဖြစ်သည်။

ရေးသားသူ။ နှင့် ရည်ရွယ်ချက်။

ဣသရေလ ရာဇ၀င်တို့ အရ ရေးသားသူမှာ ပရောဖက် ရှမွေလ သို့မဟုတ် ပရောဖက် နာသန် ဖြစ်နိုင်သည်ဟု မှန်းကြသည်။ ရည်ရွယ်ချက်မှာ ယေဘုယျ အားဖြင့်-
၁။ ပရောဖက် ရှမွေ လ၏ စာစောင် (ရာဇ၀င်ကျမ်း) တွင် ဒါဝိဒ်၏ မျိုးစဉ်ဆက်၊ ပရောဖက်ပြုချက်များ မပါရှိသည်များကို ပြန်လည် ဖော်ပြရန်။

၂။ တရား သူကြီး အခန်း ၁၇-၂၁ ကာလရှိ အဖြစ်အပျတ်တို့ရှိ မှတ်သားဖွယ်ရာ၊ ပြည်ပ ရောက်ရသည့်အကြောင်း နှင့် ဘုရားသခင်၏ မစ ကယ်တင်ခြင်းကို ဖော်ပြရန်။

၃။ ဘုရားသခင်သည် မည်သည့် လူမျိုးကို မဆို ရုသကဲ့သို့ Commitment (ခိုင်မာသော ဆုံးဖြတ်ချက်) ဖြင့် ဆပ်ကပ်လျှင် လက်ခံ၊ ကြောင်းကို ဖော်ပြရန်။

၎။ ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးချင်း၏ မျက်ရည်ကို သာမက၊ နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်းကို ဖော်ပြ ရန်။ ဖြစ်သည်။

မောဘ အမျိုး အကြောင်း အကျဉ်း။

ဣသရေ လတို့သည် မောဘနှင့် အမ္မုန်တို့ကို ရွံ့ရှာလေသည်။ မောဘနှင့် အမ္မုန်တို့သည် လေတ အမျိုး၊ လောတ၏ သမီး ၂ ဦးမှ ဆင်းသက်သူများဖြစ်သည်။
လောတသည် သောဒုံနှင့် ဂေါမောရတွင် နေသည်။ လိင်မှု သာမက၊ ရုပ်တုနှင့် ဘုရားသခင် မနှစ်သက်သော အရာများကို ကျင့်သုံးသော မြို့ဖြစ်သည်။ ဘုရားသခင်က ထိုမြို့အားဖျတ်စီးရန်၊ ကောင်းကင်တမန်တို့အား စေလွှတ်၍ လောတ မိသားစုအား ပြေးရန် ပြောသည်။
ထိုမြို့သားတို့သည် ထို ကောင်းကင်တမန်တို့နှင့် အတူနေချင်သည်။ လောတမှ သူ့ သမီး ၂ ဦး အားပေးမည်၊ ထိုသမီးတို့သည် ယောက်ျားနှင့် မနေဖူးသူ ဖြစ်ကြောင်း ပြောလည်း မရ၊ ထို သူစိမ်းတို့နှင့် သာ နေချင်ကြောင်း ပြောရဲသော ဆိုးညစ်သည့် မြို့ဖြစ်သည်။

ပြေးကြသည်။ လောတ မိန်းမသည် နောက်လှည့်ကြည့်၍ ဆားတိုင်ဖြစ်သည်။
သမီး ၂ ဦးမှာ ကမ္ဘာပျက်ကြောင်း၊ သူတို့ သားသမီးမရလျှင်၊ ပြုစုမည့်သူမရှိကြောင်း တွေးထင်၍ ဖခင်အား၊ စပျစ်ရည်တိုက်သည်။ ဖခင်နှင့် အတူနေ၍ ဖွားလာသော အမျိုးတို့သည် အမ္မုန်နှင့် မောဘ အမျိုး ဖြစ်လေသည်။

နောမိ၏ ချွေးမ ရုသနှင့် သြရပတို့သည် မောဘအမျိုးဖြစ်ကြသည်။

သင်ခန်းစာ။
ချွးမတို့သည် ယောက်္ခမအား သိပ်ချစ်သည်။ လမ်းခွဲစကားကို ဆိုရာတွင် ငိုကြွေးကြသည်။ လင်ဆုံး၊ သားဆုံး၊ အမင်္ဂလာမိသားစု ဖြစ်သော်လည်း ယောက္ခမအား သိပ်ချစ်သည်။ မည်သို့ပင်ချစ်နေစေကာမူ၊ ရုသ ကို သာ အနွယ်တော်ဖြစ်စေသည်။
သင်ခန်းစာမှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုရာတွင် ခိုင်မာသော ဆုံးဖြတ်ချက်လိုသည်။
ရုသသည် နောမိထံမှ မည်သည့်အရာမျှ မမျှော်ဘဲ အမေအိုအား ဘာဖြစ်ဖြစ် စောင့်ရျောက်မည်၊ ဘာဖြစ်ဖြစ်၊ အမေအို အနားနေမည့် စိတ်လိုသည်။

အဓိက ကျမ်းပိုဒ်မှာ ရုသ ပြောသော အခန်းကြီး ၁.၁၆-၁၇ ဖြစ်သည်။
အမေ နေတဲ့ နေရာ နေမယ်၊ အမေ့ ဘုရားက ကျွန်မဘုရား၊ အမေ့ အမျိုးက ကျွန်မ အမျိုး၊ အမေ့ သေတဲ့ နေရာမှာ သေမယ်။

Outline
  • နိဒါန်း၊ နောမိ ဆုံးရှုံးခြင်း (1:1–5)
  • နောမိ တို့ မောဘပြည်မှ ဗက်လင်သို့ ပြန်လာခြင်း  (1:6–22)
    • ရုသ သည် နောမိ အား ကြပ်ကြပ် ဖက်တွယ်ခြင်း (1:6–18)
    • ရုသနှင့် နောမိ ဗက်လင် သို့ ပြန်လာခြင်း (1:19–22)
  • ရုသ နှင့် ဗောဇ တို့ တွေ့ဆုံခြင်း (ch. 2)
    • ရုသ မှ အမေအိုအာ အလုပ်အကြွေးပြုခြင်း၊ အလုပ်လုပ်ခြင်း (2:1–7)
    • ဗောဇသည် ရုသအား မျက်နှသာ ပေးခြင်း  (2:8–16)
    • ရုသနှင့် နောမိတို့၏ ဆက်ဆံရေး  (2:17–23)
  • နောမိသည် ရုသအား ဗောဇ၏ ကောက်နယ်တလင်းသို့ စေလွှတ်ခြင်း (ch. 3)
    • နောမိမှ ရုသအား သင်ကြားပေးခြင်း၊ (3:1–5)
    • ဗောဇသည် ရွေးနှုတ်သည့် အမျိုးအတွက် ဂတိပေးခြင်း (3:6–15)
    • ရုသည် နောမိထံသို့ ပြန်လာခြင်း (3:16–18)
  • ဗောဇသည် သူ၏ ဂတိက၀တ်အတိုင်း ဆောင်ရွက်ခြင်း  (4:1–12)
    • ဗေဇသည် အမည်မဖော်သော ဆိုင်သူ အား ထိပ်တိုက်တွေ့ဆုံခြင်း  (4:1–8)
    • ဗောဇသည် နောမ ပိုင်ဆိုင်မှု တို့အား ၀ယ်ယူပြီး၊ ရုသအား ထိမ်းမြား၊ သိမ်းယူရန် ကြေငြာခြင်း  (4:9–12)
  • နိဂုံး 
    • နောမိ၏ ဘ၀ အား ဘုရားသခင် ပြန်လည် စိုပြေစေခြင်း (4:13–17)
    • အဆုံးသတ်၊ ဒါဝိဒ်၏ မျိုးစဉ်ဆက်။ (4:18–22)
အခန်းလိုက် လေ့လာခြင်းအား
ဆက်လက် တင်ပြပါမည်။
ကျေးဇူးတင်ပါသည်။
ဘုရားသခင် ကောင်းကြီး ပေးပါစေ။


Christian Life Bible Study

Made with by Odd Themes

© 2017 Christian Life Bible Study, Inc. All rights reserved.