ရုသ၀တ္ထု။ အားလေ့လာခြင်း
| နောမိနှင့်ရုသ ရေးဆေးပန်းချီ |
ရုသ၀တ္ထုသည် အမှန်တကယ်တွင် နောမိဘ၀ ရှုထောင့်မှ ရေးသားထားခြင်းဖြစ်သည်။ သူ့ဘ၀ကြုံရသည့် အဖြစ်အပျတ်များကို ဖော်ပြထားသည်။ သူ့အမျိုးသား၊ သားများ ဆုံးပါးခြင်းနှင့် လက်ဗလာနှင့် နေရင်းပြည်သို့ ပန်လာရခြင်းများ၊ သူမ၏ ဘုရားသခင် အကြောင်း၊ သူမ၏ သိပ် အမျိုးမတော်တော့သည့်၊ ရုသ ၏ အမျိုးသား ဗေဇ၊ နှင့် သူမသည် ရုသ မှ မြင်သော သား၊ မြေးအားဖြင့် ဘုရားသခင်၏ အကြည့် အရှုခံရပုံတို့ဖော်ပြထားသည်။ ရုသ သည်လည်း မောဘ အမျိုးဖြစ်သော်လည်း ယေရှု၏ အနွယ်တော်ဝင်ဖြစ်ရသည်။ အကယ်စင်စစ်၊ ရုသ၀တ္ထုသည် "God through the eyes of a woman" "အမျိုးသမီးရှုထောင့်မှ ဘုရားသခင်" အကြောင်း ကို တင်ဆက်ထားခြင်းဖြစ်လေသည်။
နောမိ သည် ဘ၀ပျတ်၊ လင်ဆုံး၊ သားဆုံး၊ သွေးဆုံးသော အမျိုးသမီးအဖြစ်တွေ့ရသည်။ သို့သော် သူမအား ယောဘ (မ) ဟူ၍ ပြောစမှတ်ပြုကြသည်။ ယောဘထက် စာလျှင် လင်၊ သား မက၊ သွေးလည်း ဆုံး၊ မြေယာ လည်း ဆုံး၊ သူမ ဘ၀၏ အသက်ရှင်သန်မှုတောင် ဆုံးသည်ကို တွေ့ရသည်။ သို့သော် ထာဝရဘုရား သခင်ကို ကျောမခိုင်း၊ ဘုရားသခင်ကို မေးခွန်းမထုတ်၊ အပြစ်မတင်သည့် အသက်တာကို တွေ့ရမည်။ ဘုရားသခင်သည် သူမ အား ဆုံးမသော်လည်း၊ ချွေးမတို့ အသက်တာတွင် မရောက်စေလိုကြောင်း ကို တွေ့ရသည်။
ခုနှစ် (ကာလ အဖြစ်အပျတ်)
ရုသ၀တ္ထု ကို 1160-1100 BC ၀န်းကျင်တွင် ဖြစ်ပျတ်ခဲ့သည်။ အထူးသဖြင့် တရားသူကြီးများ ကာလ (ရုသ ၁.၁) တွင် တွေ့ရသည်။ ဖြစ်ပုံမှာ၊ ဣသရေလများသည် ဘုရားသခင် အလိုတော်ကို ပုန်ကန်တိုင်း၊ ဆိုးသွမ်းတိုင်း ဘုရားသခင် ဆုံးမတတ်သည်။ အစာခေါင်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်တတ်သည်။ ထို့အတွက် နောမိတို့ မိသားစုသည် မောဘပြည်သို့ ထွက်ခွာခြင်းဖြစ်သည်။
ရေးသားသူ။ နှင့် ရည်ရွယ်ချက်။
ဣသရေလ ရာဇ၀င်တို့ အရ ရေးသားသူမှာ ပရောဖက် ရှမွေလ သို့မဟုတ် ပရောဖက် နာသန် ဖြစ်နိုင်သည်ဟု မှန်းကြသည်။ ရည်ရွယ်ချက်မှာ ယေဘုယျ အားဖြင့်-
၁။ ပရောဖက် ရှမွေ လ၏ စာစောင် (ရာဇ၀င်ကျမ်း) တွင် ဒါဝိဒ်၏ မျိုးစဉ်ဆက်၊ ပရောဖက်ပြုချက်များ မပါရှိသည်များကို ပြန်လည် ဖော်ပြရန်။
၂။ တရား သူကြီး အခန်း ၁၇-၂၁ ကာလရှိ အဖြစ်အပျတ်တို့ရှိ မှတ်သားဖွယ်ရာ၊ ပြည်ပ ရောက်ရသည့်အကြောင်း နှင့် ဘုရားသခင်၏ မစ ကယ်တင်ခြင်းကို ဖော်ပြရန်။
၃။ ဘုရားသခင်သည် မည်သည့် လူမျိုးကို မဆို ရုသကဲ့သို့ Commitment (ခိုင်မာသော ဆုံးဖြတ်ချက်) ဖြင့် ဆပ်ကပ်လျှင် လက်ခံ၊ ကြောင်းကို ဖော်ပြရန်။
၎။ ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးချင်း၏ မျက်ရည်ကို သာမက၊ နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်းကို ဖော်ပြ ရန်။ ဖြစ်သည်။
မောဘ အမျိုး အကြောင်း အကျဉ်း။
ဣသရေ လတို့သည် မောဘနှင့် အမ္မုန်တို့ကို ရွံ့ရှာလေသည်။ မောဘနှင့် အမ္မုန်တို့သည် လေတ အမျိုး၊ လောတ၏ သမီး ၂ ဦးမှ ဆင်းသက်သူများဖြစ်သည်။
လောတသည် သောဒုံနှင့် ဂေါမောရတွင် နေသည်။ လိင်မှု သာမက၊ ရုပ်တုနှင့် ဘုရားသခင် မနှစ်သက်သော အရာများကို ကျင့်သုံးသော မြို့ဖြစ်သည်။ ဘုရားသခင်က ထိုမြို့အားဖျတ်စီးရန်၊ ကောင်းကင်တမန်တို့အား စေလွှတ်၍ လောတ မိသားစုအား ပြေးရန် ပြောသည်။
ထိုမြို့သားတို့သည် ထို ကောင်းကင်တမန်တို့နှင့် အတူနေချင်သည်။ လောတမှ သူ့ သမီး ၂ ဦး အားပေးမည်၊ ထိုသမီးတို့သည် ယောက်ျားနှင့် မနေဖူးသူ ဖြစ်ကြောင်း ပြောလည်း မရ၊ ထို သူစိမ်းတို့နှင့် သာ နေချင်ကြောင်း ပြောရဲသော ဆိုးညစ်သည့် မြို့ဖြစ်သည်။
ပြေးကြသည်။ လောတ မိန်းမသည် နောက်လှည့်ကြည့်၍ ဆားတိုင်ဖြစ်သည်။
သမီး ၂ ဦးမှာ ကမ္ဘာပျက်ကြောင်း၊ သူတို့ သားသမီးမရလျှင်၊ ပြုစုမည့်သူမရှိကြောင်း တွေးထင်၍ ဖခင်အား၊ စပျစ်ရည်တိုက်သည်။ ဖခင်နှင့် အတူနေ၍ ဖွားလာသော အမျိုးတို့သည် အမ္မုန်နှင့် မောဘ အမျိုး ဖြစ်လေသည်။
နောမိ၏ ချွေးမ ရုသနှင့် သြရပတို့သည် မောဘအမျိုးဖြစ်ကြသည်။
သင်ခန်းစာ။
ချွးမတို့သည် ယောက်္ခမအား သိပ်ချစ်သည်။ လမ်းခွဲစကားကို ဆိုရာတွင် ငိုကြွေးကြသည်။ လင်ဆုံး၊ သားဆုံး၊ အမင်္ဂလာမိသားစု ဖြစ်သော်လည်း ယောက္ခမအား သိပ်ချစ်သည်။ မည်သို့ပင်ချစ်နေစေကာမူ၊ ရုသ ကို သာ အနွယ်တော်ဖြစ်စေသည်။
သင်ခန်းစာမှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုရာတွင် ခိုင်မာသော ဆုံးဖြတ်ချက်လိုသည်။
ရုသသည် နောမိထံမှ မည်သည့်အရာမျှ မမျှော်ဘဲ အမေအိုအား ဘာဖြစ်ဖြစ် စောင့်ရျောက်မည်၊ ဘာဖြစ်ဖြစ်၊ အမေအို အနားနေမည့် စိတ်လိုသည်။
အဓိက ကျမ်းပိုဒ်မှာ ရုသ ပြောသော အခန်းကြီး ၁.၁၆-၁၇ ဖြစ်သည်။
အမေ နေတဲ့ နေရာ နေမယ်၊ အမေ့ ဘုရားက ကျွန်မဘုရား၊ အမေ့ အမျိုးက ကျွန်မ အမျိုး၊ အမေ့ သေတဲ့ နေရာမှာ သေမယ်။
Outline
- နိဒါန်း၊ နောမိ ဆုံးရှုံးခြင်း (1:1–5)
- နောမိ တို့ မောဘပြည်မှ ဗက်လင်သို့ ပြန်လာခြင်း (1:6–22)
- ရုသ နှင့် ဗောဇ တို့ တွေ့ဆုံခြင်း (ch. 2)
- နောမိသည် ရုသအား ဗောဇ၏ ကောက်နယ်တလင်းသို့ စေလွှတ်ခြင်း (ch. 3)
- ဗောဇသည် သူ၏ ဂတိက၀တ်အတိုင်း ဆောင်ရွက်ခြင်း (4:1–12)
- နိဂုံး
0 comments:
Post a Comment