![]() |
| Sunday school, Manzanar War Relocation Center, 1943. Photographed by Ansel Adams Sunday School ပုံ |
Sunday School နေ့ အကြောင်း အကျဉ်း။
ကလေးသူငယ်များ နေ့ကို ဖတ်ရှုလိုပါက။
အသင်းတော် ဓမ္မပညာကျောင်း နေ့နဲ့ ကလေးသူငယ်များ
နေ့ကို အချို့က တစ်ပါးတည်း ပုံစံကျင်းပလာကြတယ်။ သို့မဟုတ် အချို့ အတူတူလို့ ထင်ကြတယ်။
Sunday School နေ့ ကို အထူးသဖြင့်
စက်တင်ဘာ မှာ ကျင်းပလေ့ရှိပြီး၊ ကလေးသူငယ်များနေ့ကိုတော့ ဇွန်လမှ ကျင်းပပါတယ်။
-
Sunday School ကို Sabbath School
လို့လည်း ခေါ်ကြတယ်။ စနေအသင်းတော်ကတော့ အခြားနေ့မှာလည်း ဒီလို လှုပ်ရှားမှုကို လုပ်လို့
Sunday School ဆိုတာကို မသုံးဘဲ၊ Church School လို့ သုံးပါတယ်။ တစ်ချို့သော အသင်းတော်များကတော့
Sabbath School လို့ခေါ်ပါတယ်။ Church School/Sunday School Movement က ၁၈ ရာစုကတည်းက
စတင်ခဲ့တာဖြစ်တယ်။
-
ဘာသာခြား (ဗုဒ္ဓဘာသာ) မှာ ဓမ္မစကူးလ်
ဆိုတော့ မြန်မာပိုဆန်သွားပါတယ်။
-
တစ်ချို့သော အသင်းတော်တွေက ဓမ္မပညာကျောင်း၊
အသင်းတော် ဓမ္မပညာကျောင်းနေ့လို့ ခေါ်ကြတယ်။
-
ကနဦး စတင်မှု
-
Robert Raikes and Thomas Stock တို့
နှစ်ဦးက စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတယ်။ အင်္ဂလန် နိုင်ငံ၊ Gloucester က အသင်းတော်
ပြင်ပမှာရှိသော ကလေးသူငယ်များ၊ မရှိဆင်းရဲသူများ၊ မိဘမဲ့များအတွက် ၁၇၈၀ ကနေ စတင်ခဲ့ကြတယ်လို့
ဆိုပါတယ်။ [1]
အသင်းတော် ဓမ္မကျောင်းမှာ သင်္ချာ၊ စာရေး၊
စာဖတ်၊ ပုံစွဲ၊ ခရစ်တော်အကြောင်း၊ နဲ့ နိုင်ငံ့သားကောင်း ဘာသာရပ်တွေကို အခမဲ့သင်ကြားပေးပြီး၊
စာရေးကိရိယာတွေကိုပါ ပံ့ပိုးခြင်းနဲ့ စခဲ့တာဖြစ်တယ်။
၁၈၀၀ ပြည့်နှစ်ရောက်လာတဲ့အခါ တက်ရောက်သူ
ကလေးသူငယ်များဦးရေ ၂ သိန်းခန့်ရှိလာပြီး၊ ၁၈၅၀ မှာ သန်း ၂၀ ခန့် အထိ အောင်မြင်လာခဲ့ပါတယ်။
အမေရိကန် နိုင်ငံမှာဆိုရင် - ၁၈၂၄
ကတည်း စတင်ခဲ့ပြီး၊ နောက် ၁၀၀ နှစ် အတွင်း အသင်းတော် ဧ၀ံဂေလိ၊ သာသနာ လုပ်ငန်း၏ အဓိက
အောင်မြင်မှု လုပ်ငန်း လည်း ဖြစ်လာခဲ့ပါတယ်။ [2]
-
ကိုးကားချက်များ -
[2] -

0 comments:
Post a Comment