ယောန ၀တ္ထု အား လေ့လာခြင်း


ယောန၀တ္ထုမှ လေ့လာရန်များ။
ယောန၏ ငါးဝမ်းထဲတွင် ၃ ရက်နေခြင်းသည် ခရစ်တော်ယေရှု ၃ရက် မြောက်နေ့တွင် ပြန်လည် ထမြောက်မည့် အရာကို ပုံဆောင်ခြင်းလည်းဖြစ် သည်။ (မသဲ ၁၂.၃၉-၄၁)။

နောက်ခံသမိုင်း။
-
ယောန ဆိုတဲ့ အဓိပ္ပါယ်က "ချိုးငှက်" ဖြစ်ပြီး၊ အမိတ္တဲသားဖြစ်တယ်။ နာမည်က ချိုးငှက် ပျော့ပြောင်းတဲ့သဘော ဖြစ်ပေမယ့်၊ ဘုရားစကားကို နားမထောင်ပြေးသူလည်းဖြစ် တယ်။ သူ ပြေးရခြင်း အကြောင်းရှိပါတယ်။
အာရှုရိတွေဟာ၊ ဆိုးသွမ်းပါတယ်။ ဣသရေလကိုသာမက၊ အခြားလူမျိုးကို ဖမ်း၊ အရေခွံနွာ၊ ဆားသုတ်၊ ပြီး နေပူလှမ်းခြင်း၊ မှအစ၊ ညှင်းပန်းမှုမျိုးစုံသာမက၊ ဘုရားသခင်ရှေ့မှာ ဒုစရိုက်ရှိသောသူတွေဖြစ်တယ်။
ဒါ့ကြောင့် ယောနက သူတို့တွေ ကယ်တင်ခြင်းရတာကို မလိုချင်ဘဲ၊ ဘုရားသခင် ဖျက်ဆီးတာကို ပဲ မြင်ချင် တာဖြစ်တယ်။

ယောန ၏ နောက်ခံ အကြောင်း
၁။       ၄ ရာ ၁၄.၂၅ ထဲက၊ ယေရောဗောင် - ၂ ဘုရင်လက်ထက် (ဘီစီ ၇၉၃-၇၅၃)၊ မြောက်ပိုင်း ဣသရေလပြည်မှာ ပရောဖက် အဖြစ် ခန့်အပ် ခံရတာကို တွေ့ရမယ်။
၂။       ယောနက ဂါလိလဲပြည်၊ နာဇရက်မြို့ မြောက်ဘက် ၂/၃ မိုင် က ဂါသေဖါ မြို့မှာနေပါတယ်။ ဖာရိရှဲတွေ ပြောတဲ့ "ဂါလိလဲပြည်က နေ ပရောဖက် မပေါ်ထွန်း" (ယော ၇.၅၂)  လို့ပြောတာ သူတို့မှားပါတယ်။ ဖာရိရှဲတွေက ယောနကို ပရောဖက် အနေနဲ့ မသတ်မှတ်ခဲ့ဟန်တူပါတယ်။
၃။       ယောန ပရောဖက်ပြုခြင်း အမှုတော်ကို ပရောဖက် ဧလိရှဲ သေဆုံးပြီးနောက်မှာ စခဲ့တာဖြစ်ပြီး (၄ ရာ ၁၃၁၄-၁၉)၊ ပရောဖက် အာမုတ် နဲ့ တစ်ထပ်တည်း ခေတ်ပြိုင် (အာ ၁.၁) သူ့နောက်မှာ ပရောဖက် ဟောရှေ (ဟောရှေ ၁.၁) တို့ ရှိနေခဲ့ပါတယ်။

ယောန ၀တ္ထုရှိ အာရှုရိ ခေတ်ကာလ။
၁။       ယောန ဟောပြောခြင်းအားဖြင့်၊ နောတရတဲ့ နိနဝေမြို့သားတွေဟာ၊ အာရှုရိ ရှင်ဘုရင် ၂ ပါး ထဲက၊ Adad-Nirari III (BC 810-783) နဲ့ Ashurdan III (BC 773 -775) တုန်းက၊ ၇၆၃ မှာ နေကြတ်ခြင်းကို ကြုံခဲ့သော ကာလတုန်းက ဖြစ်ခဲ့တယ်လို့ သိရတယ်။
၂။       ပထမမင်းက ဘုရားသခင်သည် တစ်ဆူတည်းရှိတယ်လို့ လက်ခံခဲ့ကြပြီး၊ ဒုတိယ မင်းခေတ်မှာ ကပ်ဘေး ကျရောက်မယ်ဆိုတဲ့ (တဘောင်) အဆိုတွေ ရှိခဲ့တာပါ။
၃။       နိနဝေ မြို့သည် ဂါလိလဲပြည်၏ အရှေ့မြောက် ၅၀၀ ခန့်တွင် တည်ရှိသော မြို့ဖြစ်ပါသည်။

ယောန ၀တ္ထု၏ ရည်ရွယ်ချက်။
၁။       ဘုရားသခင်၏ ဂရုဏာတော်ကြီးမားမှုနှင့် နက်နဲမှုသည် ဣသရေလလူမျိုးသာမက၊ အခြားသော လူမျိုးများအတွက်လည်း ဖြစ်ကြောင်း။
၂။       လူမျိုးတကာတို့စီသို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပြေကြားရန် (က ၁၂.၁-၃၊ ဟေရှာ ၄၂.၆-၇၊ ၄၉.၆)။
၃။       ဖောက်ပြန်သော ဣသရေလများအပေါ်တွင်လည်း ဘုရားသခင်၏ မေတ္တာတော်ရှိပြီး၊ စစ်မှန်သော နောင်တရလျှင် စီရင်ခြင်းကနေ လွှတ်နိုင်ကြောင်းတို့ဖြစ်သည်။

လေ့လာရန် လမ်းညွှန်။ 
 

1 comment: Leave Your Comments

Christian Life Bible Study

Made with by Odd Themes

© 2017 Christian Life Bible Study, Inc. All rights reserved.