ယောဟန် ၁၅ မှ မှန်သော စပျစ်နွယ်ပင်အား
ရှုထောင့် ပြောင်းလေ့လာခြင်း။
-
ယေရှု ခရစ်တော် က
"ငါသည်" "I AM" လို့ (သူ၏ ဖြစ်ခြင်း) ဖော်ပြခြင်းကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ
ဖော်ပြခြင်း ၇ မျိုး အဖြစ် တွေ့ရတယ်။
ယောဟန် ၈.၅၈ ဖော်ပြခြင်း နဲ့ ဆို ၈ ခု လို့ ပြောလို့ ရပါတယ်။
"ငါသည်" "I AM" လို့ (သူ၏ ဖြစ်ခြင်း) ဖော်ပြခြင်းကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ
ဖော်ပြခြင်း ၇ မျိုး အဖြစ် တွေ့ရတယ်။
ယောဟန် ၈.၅၈ ဖော်ပြခြင်း နဲ့ ဆို ၈ ခု လို့ ပြောလို့ ရပါတယ်။
၁။ ယောဟန် ၆.၃၅၊ ၄၈။ ယေရှုကလည်း၊ ငါသည် အသက်မုန့် ဖြစ်၏။
၂။ ယောဟန် ၈.၁၂၊ ၉.၅။ ယေရှုက၊ ငါသည် ဤ
လောက၏ အလင်းဖြစ်၏။
??။ ယောဟန် ၈.၅၈။ အာဗြဟံ မဖြစ်မှီ ငါ
ဖြစ်၏။
၃။ ယောဟန် ၁၀.၉။ ငါသည် တံခါးဝ ဖြစ်၏။
၎။ ယောဟန် ၁၀.၁၁။ ငါသည် ကောင်းသော သိုးထိန်းလည်း
ဖြစ်၏။
၅။ ယောဟန် ၁၁.၂၅။ ယေရှုကလည်း ငါသည် ထမြောက်ခြင်း
အကြောင်း၊ အသက်ရှင်အကြောင်း
လည်းဖြစ်၏။
၆။ ယောဟန် ၁၄.၆။ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊
သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။
၇။ ယောဟန် ၁၅.၁။ ငါသည် မှန်သော စပျစ်နွယ်ပင်
ဖြစ်၏။
-
ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်၏။ ဆိုတာဟာ
ရှင်ယောဟန် ခရစ်ဝင်ထဲမှာ တွေ့ရသော ယေရှု၏ မိမိကိုယ်ကို ဖော်ပြခြင်း တွေထဲက နောက်ဆုံးတစ်ခု
ဖြစ်တယ်။
-
ဓမ္မဟောင်းထဲမှာ စပျစ်ဥယျဉ်၊ စပျစ်ပင်၊
စတာတွေကို အသုံးပြုတဲ့အခါ ဣသရေလ လူမျိုး၊ နိုင်ငံကို ပုံဆောင်ပြီး ပြောပါတယ်။ ကောင်းမွန်သော
ပုံဆောင်ခြင်းထက်၊ အနှုတ်လက္ခဏာဆောင်သော ပုံဆောင်မှုတွေ အဖြစ်တွေ့ရတယ်။
ဥပမာ -
၁။ ဆာလံ ၈၀.၈-၁၀။
၂။ ဟေရှာယ ၅.၁-၆။
၃။ ယေရမိ ၂.၂၁။
-
ယေရှုက ငါသည် မှန်သော စပျစ်နွယ်ပင် ဖြစ်သည်
လို့ ဆိုရာမှာ မမှန်သော အရာ ရှိလို့ ဖြစ်တယ်။ ဣသရေလတွေရဲ့ လူမျိုးစွဲခြင်းကို ဆုံးမတဲ့သဘောလည်းဖြစ်တယ်။
လူမျိုးအပေါ်မှာ တည်ပြီး အသက်ရှင်သည်ထက်၊ မှန်သော စပျစ်နွယ်ပင်ဖြစ်တဲ့ ခရစ်တော်၌သာ မှီတည်ရန် ပြောခြင်း
ဖြစ်တယ်။
-
စပျစ်စိုက်နည်းတွေကို ပုံတွေမှာ ဖော်ပြထားတယ်။
အကျဉ်းရှင်းပြခြင်းကိုလည်း ဖော်ပြထားပါတယ်။
-
ယောဟန် ၁၅.၁-၂
ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏၊
ငါ့ခမည်းတော်သည်လည်း ဥယျဉ်စောင့်ဖြစ်တော်မူ၏။
ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။
အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ
သုတ်သင် ရှင်းလင်းတော်မူ၏။
-
ခရစ်တော်ထံ၌ တည်နေလျှင် အသီးသီးမှာ
ဖြစ်တယ်။ အသီးမသီးတဲ့ အခက်ကို ခုတ်မှာဖြစ်တယ်။ ခုတ်တဲ့သူက ဥယျဉ်စောင့် ဟူသော ခမည်းတော်
ဘုရားသခင်ဖြစ်တယ်။
အသီးသီး ရင်လည်း ခုတ်ထစ်၊ သုတ်သင် ရှင်းလင်း
တာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာ၍ သီးစေဖို့ ဖြစ်တယ်။
-
စပျစ်တွေက ပင်စည်မှာ မသီးပါဘူး။ အကိုင်းခက်မှာ
ပဲသီးတယ်။
ပင်စည်က နေ အကိုင်း အခက် (အနွယ်) တွေ
ထွက်လာတိုင်း ပင်စည်က ထွားလာပြီး ရှည်လာတယ်။
(တစ်ပုံချင်းလေ့လာရင် ပိုရှင်းသွားမှာဖြစ်ပါတယ်)။
| စပျစ် ပင်စည်နဲ့ အကိုင်း ပုံ |
| အကိုင်းမှာ အသီးသီးပုံ |
| အချို့ သော ကိုင်းကို ခုတ်၍ ပြန်စိုက်နိုင်သည် |
| ပင်စည် တည့်တည့်ဖြင့် မသွားဘဲ ဖြာထွက်လျှင် ခုတ်ဖြတ်သည်။ အနွယ်သည် အပေါ်သို့ တက်ရန် ဥယျဉ်မှူးမှ ဆောင်ရွက်ရသည်။ |
| ဘေးမှ အကိုင်းများကို ခုတ်ထစ်၍ စတင် စိုက်ပျိုးသော အပင် |
| အသီးအနည်းငယ်စသီးသော အပင် |
| ထိပ်တွင် ၂ ကိုင်းသာထား၍ သီးရန် စောင့်သည်။ |
| သီးသော ရာသီတွင် အကိုင်း များစွာဖြင့် အသီးများ သီးလာသည်။ |
| ထို ရာသီချိန် လွန်သည့် အခါ ဥယျဉ်မှူးမှ သာ၍ သီးစေ၇န်အတွက် အခြားသော အကိုင်းများကို ခုတ်ရသည်။ (အပြာ ရောင် အကိုင်းသာ ချန်ထားသည်။) |
| ထိုကဲ့သို့ ကျန် အကိုင်း အခက်များကို ခုတ်ထစ်ပြီးတိုင်း ပင်စည်သည် ကြီးထွားလာသည်။ |
| နောက်ထပ် အသီးသီးသော ရာသီပြီး ချိန်တွင် အသီးများ သီးပြီးချိန်တွင် ဥယျဉ်မှူးသည် ၂ ကိုင်းသာ ထား၍ အသီး သီးစေရန် ကျန်သော အကိုင်းများကို ခုတ်ပြန်သည်။ |
| ပင်စည် သာ၍ ကြီးလာပုံ |
| ဘေးမှ ဖျာထွက် သမျှ အကိုင်းများကို မခုတ်တော့ဘဲ အသီးသီးသော အကိုင်း ၂ ကိုင်းမှ အောက်စိုက် သော နွယ်ကိုင်းများကို ပြင်ဆင်ပုံ။ |
| တစ်ရာသီ အပြီးတွင်လည်း မလိုသော အကိုင်းများ အခက်များကို ခုတ်ထစ်ပုံ |
| ပင်စည် သာ၍ ကြီးလာပုံ |
| စပျစ်ပင်စည်သည် ၅ ပေမှ ၆ ပေ အထိ ရှိလာပုံ |
| ၅ ပေမှ ၆ ပေ ထိ ရှိသော သော စပျစ်များကို အောက်စိုက် မသီးစေတော့ဘဲ အထက်သို့သာ ဥယျဉ်မှူးကသီးစေသည်။ |
| ပင်စည် ကြီးလွန်းသဖြင့် ဒုတ်ဖြင့်စိုက်ထူရပုံ |
အကိုင်းတွေ အရမ်းထွက်တာ များရင် အသီးတွေက
သိပ်မသီးနိုင်ဘူး၊ ပြီးတော့ အသီး မသီးတဲ့ အကိုင်းရှိရင်လည်း ဘာမှ အကျိုးမရှိဘူး။ ဆိုတော့
ဥယျဉ်စောင့်က အသီးမသီးတဲ့ အကိုင်းကို ဖြတ်ပစ်တယ်။ ပိုမို သီးစေချင်လို့ သီးနေတဲ့ အကိုင်းကိုလည်း
ခုတ်ပါတယ်။
-
အဓိက အသီးသီးပြီးတိုင်း၊ သာ၍ သီးဖို့
အကိုင်းတွေကို ခုတ်တယ်။ အကိုင်းခုတ်ပြီးတိုင်း သာ၍ သီးလာတိုင်း ပင်စည်က ထွားထွားလာပါတယ်။
ကျွန်တော်တို့ဘ၀မှာ အခုတ်ခံရတာ၊ ပုံသွင်းခံရတာ၊
ဆုံးမခံရတာ၊ ဆုံးရှုံးမှုတွေ ကြုံရတာဖြစ်ဖြစ်၊ ဘယ်လို အခြေအနေပဲ ကြုံကြုံ ပင်စည် ထွားဖို့
ခရစ်တော်၌ တည်နေခြင်း အားကြီးဖို့၊ ဘုရားသခင် ဘုန်းတော် ထင်ရှားဖို့ပဲ ဖြစ်တယ်။
-
ဘုန်းတော် ခံစားသော အသက်တာက
ဘုန်းတော် မထင်ရှားစေဘူးဆိုရင်
ဘုန်းတော် ၀င်စားဖို့ ပဲဖြစ်တယ်။
-
ဘုရားသခင် ဘုန်းတော် ခံစားသော အသက်တာ
သည် အမြဲ အဆင်ပြေနေသည်ကို မဆိုလို၊ သာ၍ သီးဖို့လည်း ခုတ်ထစ်ခံရတတ်တယ်။
အမြဲ အစဉ်ပြေခြင်းသည်၊ သာ၍ အသီးသီးခြင်းသည်
ခရစ်ယာန် အသက်တာ၏ အကောင်းဆုံးသော အသက်ရှင်မှု မဟုတ်ဘဲ၊ ဘ၀တွင် အောင်မြင်သည် ဖြစ်စေ၊
ကျရှုံးချိန်ဖြစ်စေ။
ချမ်းသာချိန်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊
ခရစ်တော်၌ မြဲမြဲ တည်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်တယ်။
အဆင်ပြေသည်ဖြစ်စေ၊ ကြေကွဲသည်ဖြစ်စေ ဘုရားသခင်
ဘုန်းတော်ကို ထင်ရှားစေဖို့ သာ ဖြစ်ရမှာဖြစ်တယ်။
ကနဦး ယုံကြည်သူတွေ ခြင်္သေ့စာ အကျွေးခံရတယ်။
ထို အကျွေးခံခြင်းသည် သူတို့၏ ယုံကြည်ခြင်း သစ္စာဖြင့် ခရစ်တော်ကို ကျောမခိုင်းဘဲ ဘုန်းတော်
ထင်ရှားစေခြင်းပင်ဖြစ်တယ်။
မသေမချင်းတော့ ခရစ်ယာန်တို့သည် အခုတ်ခံ၊
ပုံသွင်းခံရဦးမည်ဖြစ်တယ်။
သာ၍ သီးဖို့ဖြစ်တယ်။
ဘုန်းတော် ၀င်စား ချိန်အထိ ဘုရားသခင်၏
ဘုန်းတော်ကို ခံစားရင်း ဘုန်းတော်ကို ထင်ရှားစေရမှာဖြစ်တယ်။
-
တစ်ချို့သော သူတွေ ချမ်းသာတယ်၊ ကြွယ်ဝတယ်၊
ပညာတတ်တယ်၊ သို့သော် ဘုန်းတော် မထင်ရှားစေရင် ဘုရားသခင် ဘုန်းတော်ကို မခံစား သဖြင့်၊
ဘုန်းတော် ၀င်စားဖို့ရန်သာ အသက်ရှင်ကြသည်။ ဘုန်းတော် ထင်ရှား ရန် မဟုတ်ကြပေ ဟု ထင်မှတ်ရမည်။
-
မိမိအသက်တာ သည် ဆင်းရဲသည်၊ ပညာမတတ်၊ မနိုးထဟု
သူများက ပြောသော်လည်း အကြင်သူ၏ နှလုံးသားတွင် သစ္စာ ရှိရှိဖြင့် တည်ကြည်ခြင်း၊ ခရစ်တော်ကို
ဆည်းကပ်ခြင်းသည်ပင် ဘုန်းတော် ထင်ရှားစေခြင်းအား အစပြုခြင်းဖြစ်သည်။ ထို ဘုန်းတော်ကို
ထင်ရှားစေသော အသီးတို့ကို သာ၍ သီးရမည်ဖြစ်သည်။ မသီးလျှင်လည်း ပင်စည် တည်းဟူသော ခရစ်တော်၌ ဆည်းကပ်ခြင်းအား
ခိုင်မာစွာ ရှိနေလျှင်ပင်၊ ဘုရားဘုန်းတော် ခံစားခြင်းပင်ဖြစ်သည်။
-
ဘုရားဘုန်းတော် ခံစားတတ်ပါလျှင် ဘုန်းတော်
ထင်ရှားလာသည်၊
(ဘုန်းတော်ထင်ရှားခြင်းသည် နာမည်ကြီး၊ အကောင်းစားဝတ်၊ ဆိုသည်ကိုမဆိုလို)။
ထိုအရာနှင့် မတိုင်း သင့်အသက်တာဖြင့် အခြားသူများ ခရစ်တော်ကို သိမြင်လာခြင်း၊ ဘုရားသခင်ကို
နားလည်လာခြင်းသာဖြစ်သည်။
သေအောင် အလုပ်လုပ်ရမည်မဟုတ်၊ သေလောက်အောင်
အမှုတော် ဆောင်ရွက်ရမည်မဟုတ်၊
သေသည် အထိ ဘုရားအတွက် အသက်ရှင်ရမည်၊ အမှုတော် ဆောင်ရွက်ရပါမည်။
သေသည် အထိ ဘုရားအတွက် အသက်ရှင်ရမည်၊ အမှုတော် ဆောင်ရွက်ရပါမည်။
ဘုန်းတော် ၀င်စားသည် အထိ ဘုန်းတော် ထင်ရှားရန်
အသက်ရှင်ရပေမည်။
ထိုကဲ့သို့သောခွန်အားသည် ခရစ်တော်တည်းဟူသော
မှန်သောစပျစ်နွယ်ပင်ကိုသာ ဆည်းကပ်ရမည်ဖြစ်သည်။
ကျေးဇူးတင်ပါသည်။

Our life must abide in Jesus
ReplyDelete